Watch 11.22.63 All Season

အထက်တန်း​ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဂျိတ်က သူနဲ့အ​​တော်ရင်းနှီးတဲ့ စား​​သောက်ဆိုင်ပိုင်ရှင် အယ်မှတဆင့် သဘာဝလွန်အရာတစ်ခုအ​ကြောင်း သိရှိသွားတဲ့အ‌ကြောင်းပါပဲ။ အဲဒါက​တော့ အယ်ရဲ့ဆိုင်ထဲက စတိုခန်းတစ်ခုဟာ ၁၉၆၀ခုနှစ်ကို ပြန်သွားလို့ရတဲ့ အချိန်တံခါး​ပေါက်တစ်ခု ဖြစ်​နေတယ်ဆိုတာပါ။ အယ်က ဒီတံခါးကို သုံးပြီး အ​မေရိကန်သမ္မတ​ဟောင်း ဂျွန်အက်ဖ်က​နေဒီ လုပ်ကြံခံရတဲ့ ၁၉၆၃ခုနှစ် ၁၁လပိုင်း၂၂ရက်​နေ့ကိုပြန်သွားပြီး အဆိုပါလုပ်ကြံမှုကို တားဆီးဖို့ ကြိုးစားချင်တာပါ။ ဂျွန်အက်ဖ်က​နေဒီသာ အသက်ရှင်ခဲ့မယ်ဆိုရင် အ​မေရိကန်နိုင်ငံရော တစ်ကမ္ဘာလုံးပါ အခုထက် ပိုငြိမ်းချမ်းသွားမယ်လို့ ယုံကြည်ထားတဲ့ အယ်က ကင်ဆာ​ရောဂါ​ကြောင့် ​အောင်မြင်​အောင် မလုပ်နိုင်​တော့တဲ့အချိန် အဲဒီတာဝန်ကို ဂျိတ်ဆီလွှဲ​ပြောင်း​ပေးခဲ့ပါတယ်။ ဂျိတ်အ​နေနဲ့ အဲဒီ အချိန်တံခါး​ပေါက်ကိုသုံးပြီး သမ္မတကြီးဂျွန်အက်ဖ်က​နေဒီကို တကယ်ပဲ ကယ်တင်နိုင်မှာလား၊ ဖြစ်ခဲ့ပြီးသားအတိတ်ကို ​ပြောင်းတဲ့​နေရာမှာ တကယ်ပဲ ထင်သ​လောက်လွယ်ကူ​နေပါ့မလား၊ အကယ်၍ အသက်ရှင်ခဲ့ရင်လည်း သူတို့​မျှော်လင့်ထားသလို ပိုပြီးငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်သွားမှာလား စသဖြင့် သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်
11.22.63
11.22.63