Watch Dragon Age: Absolution All Season

ရှေးခေတ် Tevinter နိုင်ငံတော်ကြီးမှာ သာမန်လူသားတွေနဲ့အတူမှော်ဆရာတွေ ဝါဒဖြန့်ဂိုဏ်းတွေ နတ်မိစ္ဆာတွေ နတ်သူငယ်လေးတွေပါ အတူယှဉ်တွဲနေထိုင်ကြရာမှာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ မှော်အတတ်ကသာအရေးအပါဆုံးဖြစ်နေပြီး တိုင်းပြည်ရဲ့ကာကွယ်စောင့်ရှောက်သူတွေကလည်း မှော်အစွမ်းရှိတဲ့ဘယ်လိုပုဂ္ဂိုလ် ဘယ်လိုသတ္တဝါမျိုးကိုမဆို ပစားပေးထားပြီး မတရားမှုမှန်သမျှကိုလည်း မျက်ကွယ်ပြုထားခဲ့ကြပါတယ်။အထက်ဖားအောက်ဖိစနစ်နဲ့ တိုင်းပြည်မှာကျွန်ပြုခံနေရာကနေ လွတ်မြောက်လာတဲ့ Mirium ဆိုတဲ့ နတ်သူငယ်မလေးကတော့ Tevinterနိုင်ငံအပြင်ဘက်မှာပဲ ကြေးစားလုပ်ကြံသူတစ်ယောက်အနေနဲ့ ဇာတ်မြှုပ်နေထိုင်နေရာ၊ တစ်နေ့မှာတော့ ချစ်သူဟောင်း Hira ရဲ့ကမ်းလှမ်းမှုကြောင့် လျို့ဝှက်စစ်ဆင်ရေးတစ်ခုကိုလက်ခံလိုက်တဲ့အတွက် Tevinterကိုပြန်သွားရဖို့ဖြစ်လာခဲ့ပါတယ်။ တန်းတူအခွင့်အရေးမရရှိခဲ့လို့ နေရပ်တိုင်းပြည်ကိုမုန်းတီးနေသူ Mirium တစ်ယောက်တိုင်းပြည်ရဲ့မှော်ဝင်ရှေးဟောင်းပစ္စည်းတစ်ခုကို ခိုးယူပေးရဖို့ဖြစ်လာတဲ့အခါ ရှေ့ဆက်ရင်ဆိုင်ရမယ့်စွန့်စားခန်းတွေကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Dragon Age: Absolution
Dragon Age: Absolution