
Watch Blockbuster All Season
90’s born တွေ ငယ်ငယ်က အမြဲသွားခဲ့ကြတဲ့ စာအုပ်အငှားဆိုင် အခွေငှားဆိုင်လေးတွေရှိတယ်အခုခေတ်လို Netflix streaming service တွေမပေါ်ခင်က တော့ Blockbuster ဆိုတဲ့ဗီဒီရိုအခွေငှားဆိုင်လေးတွေကိုပဲ အားကိုးပြီး ရုပ်ရှင်တွေခံစားခဲ့ကြတာပေါ့။ Blockbuster ဆိုတာလည်း အမေရိကန်ရဲ့ ၉၀ ဝန်းကျင်ဖွားတွေ အတမ်းတရဆုံး ခွေငှားဆိုင်တစ်ခုပေါ့ဗျာ။ 2000 ခုနှစ်နောက်ပိုင်းရုပ်တဲ့အခါမှာတော့ Internet ဆိုတဲ့အရာနဲ့အတူ ရုပ်ရှင်တွေကို အဆင်ပြေတဲ့နေရာကနေ အလွယ်တကူကြည့်ရှုလာနိုင်တယ် Streaming service တွေမှိုလိုပေါက်လာတာနဲ့အမျှ ဒီလိုဆိုင်လေးတွေဟာလည်း တဖြည်းဖြည်းနေ၀င်ချိန်ကိုရောက်လာပါပြီ ။အဲ့ဒီထဲကမှ ဆိုင်ခွဲ 9000 ကျော်ရှိတဲ့ blockbuster videoခွေငှားဆိုင်တွေဟာ ပိတ်သိမ်းလာခဲ့တာOregon မြို့နယ်မှာရှိတဲ့ နောက်ဆုံးကျန်တဲ့ Blockbuster ဆိုင်လေးတစ်ဆိုင်ပဲရှိပါတော့တယ် ။ဒီဆိုင်လေးရဲ့ ပိုင်ရှင် တင်မီနဲ့ဆိုင်၀န်ထမ်းအဖွဲ့ဟာဆိုင်ကိုအရမ်းသံယောဇဉ်ရှိတဲ့အတွက် အတတ်နိုင်ဆုံးကျားကန်ကြိုးစားရင်း ဖြတ်သန်းကြပုံကို ရိုက်ပြထားတာဖြစ်ပါတယ်။