
Watch Gotham Knights All Season
Gotham Knights series ကိုတော့ March လ 14 ရက်နေ့မှာ The Flash နဲ့ Arrow series တွေကို ထုတ်ပေးခဲ့တဲ့ CW Channel ကပဲ ထုတ်ဝေပေးခဲ့တာဖြစ်ပြီး အပိုင်း 13 ပိုင်းထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီစီးရီးမှာတော့ Supernatural ကကျွန်တော်တို့ရဲ့ အချစ်တော် နတ်သား ကတ်စတီရယ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Misha Collins က Harvey Dent aka Two Face အဖြစ်ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအညွှန်းကတော့ Multiverse တစ်ခွင်မှာ plan သာရှိရင် ဘယ်သူ့ကိုမဆို ချနိုင်တဲ့ Batman ဟာ ဒီစီးရီးစစချင်းမှာပဲ လူတစ်ုရဲ့ အကွက်ချသတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့ရပါပြီ။ ဆျာဘတ်တို့ရဲ့ ထုံးစံအတိုင်း သူ့မှာ မွေးစားသားဖြစ်သူ Turner Hayes တစ်ယောက်ကျန်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့အဖေကို သတ်ဖြတ်တဲ့သူကိုရှာဖွေနေတုန်းမှာပဲ သူဟာ သူ့အဖေဖြစ်သူ Batmanသေဆုံးမှုရဲ့ နောက်ကွယ်ကကြိုးကိုင်သူအဖြစ် ချောက်ချခံလိုက်ရတဲ့အခါမှာတော့ Batmanကို သတ်ဖြတ်သွားနိုင်လောက်တဲ့အထိ အားကောင်းတဲ့ အဖွဲ့အစည်းက ဘာလဲ။ သူ့အဖေသတ်ဖြတ်ခံရမှုရဲ့ အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား။ ဘယ်သူတွေနဲ့ သူပူပေါင်းရမလဲ။ Batman မရှိတော့တဲ့ Gothamမြို့တော်ကြီးကို ဘယ်သူတွေက ကာကွယ်နိုင်ပါ့မလဲဆိုတာကို