Watch Ghosts All Season

နာမည်တူ British series ကနေ adaptation ယူထားတဲ့ sit-com ကောင်းကောင်းလေးပါပဲ။ အရမ်းကို ရယ်ရပါတယ်။ တစ်ခါက ဝိဉာဏ် ၉ ကောင် ရှိသဗျာ။ ထပ်ပြီး အကျယ်ရှင်းရရင် ဘ၀မကူးနိုင်ဘဲ ကျိန်စာသင့်နေတဲ့ ခေတ်အလီလီက အတွေးအခေါ်အမျိုးမျိုး နဲ့ အိမ်ဟောင်းကြီးတစ်ခုမှာ နေထိုင်တဲ့ ဝိဉာဉ် ၉ ကောင်ပါ။ ဒီအိမ်ကြီးမှာ အိမ်ရှင်အသစ်တွေသာ ပြောင်းသွားမယ် သူတို့ကတော့ မပြောင်းလဲပေါ့။ တစ်နေ့ ဒီအိမ်ကြီးရဲ့ အမွေစားအမွေခံဖြစ်သူ ဂျာနယ်လစ် ဆမန်သာနဲ့ သူ့ ယောက်ျားဖြစ်သူ စားဖိုမှူး ဂျေးတို့လင် မယား ရောက်ရှိပါတယ် ဒါကို အလိုမရှိတဲ့ ဝိဉာဉ် ၉ ကောင်ဟာ နည်းအမျိုးမျိုးနဲ့ သရဲကျင့် သရဲကြံတွေ ကြံပြီး နှင်ထုတ်ဖို့ကြိုး စားကြတော့မှာပဲ ဖြစ်ပါတယ် အဲဒီလို ကြိုးစားရင်းနဲ့ အိမ်ရှင်စုံတွဲနဲ့ ဘော်ဒါတွေ ဖြစ်သွားပြီး အပြန်အလှန် သောက်တလွဲတွေကူ ညီကြတာကို တခွီးခွီးနဲ့ ကြည့်ရမှာပါပဲ။ ရယ်စရာဟာသတွေ အပြည့်နဲ့ အပန်းပြေစေနိုင်မယ့် ကားတစ်ကားပါပဲ
Ghosts
Ghosts