Watch Star Trek: Strange New Worlds All Season

ယခု Strange New Worlds ဟာ Prime Timeline မှာရှိနေတဲ့ Captain Kirk ရဲ့ ဖခင် Samuel Kirk ရဲ့ အချိန်ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Star Trek: Discovery ရဲ့ Spin-off ဆိုလည်း ဟုတ်ပါတယ်။ ဒီအချိန်မှာ အင်တာပရိုက်စ်ယာဉ်ကို ဦးစီးနေသူဟာ ကပ္ပတိန် ခရစ်စတိုဖာပိုက်ခ်ပါ။ Star Trek ရဲ့ နာမည်ကျော် ဇာတ်ကောင် မစ္စတာ Spock ဟာလည်း အင်တာပရိုက်စ်ရဲ့ အကြီးတန်းအရာရှိ (နံပါတ်တစ်) တောင် မဖြစ်သေးဘဲ သိပ္ပံဌာနမှူးအနေနဲ့သာ ရှိနေတဲ့ အချိန်ဖြစ်ပါတယ်။ Original series မစခင် အချိန်ပေါ့။ USS Discovery ယာဉ်ဟာ သူ့ကိစ္စနဲ့သူ အနာဂတ် နှစ် ၉၀၀ ကို ခုန်ကျော်ရောက်သွားချိန်မှာ သူ ခုန်သွားခဲ့တဲ့ နေရာအနီးက ဂြိုဟ်တစ်လုံးပေါ်က Civilization ဟာ လှမ်းမြင်လိုက်ရပါတယ်။ အဲဒီမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အင်တာပရိုက်စ်ရဲ့ အထူးတာဝန်က သက်ရှိအသစ်တွေ Civilization အသစ်တွေကို ရှာဖွေဖို့ ဖြစ်တာကြောင့် အဲဒီဂြိုဟ်ကို လာရဖို့ အကြောင်းဖန်လာပါတယ်။ အင်တာပရိုက်စ်ဟာ သူ့ရဲ့ငါးနှစ်တာ အထူးတာဝန်မှာ ဘယ်လို ထူးခြားဆန်းပြားတဲ့ ကမ္ဘာအသစ်တွေ၊ သက်ရှိအသစ်တွေကို ရှာဖွေတွေ့ရှိရမလဲ၊ ဘယ်လို အန္တာရာယ်တွေကနေ ရုန်းထွက်ကြမလဲဆိုတာကို
Star Trek: Strange New Worlds
Star Trek: Strange New Worlds