
Watch Mercury Rising Full Movie
Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။