
Watch Superman II Full Movie
၁၉၈၀ ကာလက CGI အထူးပြုလုပ်ချက်တွေ မရှိဘဲရိုက်ကူးခဲ့တဲ့ ဂန္တဝင်စူပါမန်းကားတွေထဲက အပိုင်း ၂ ဖြစ်ပါတယ်။ အပိုင်း ၁ နဲ့ဆက်နေပြီး General Zod တို့သုံးဦးကို ခရစ်ပတွန်ဂြိုလ်မှ နှင်ထုတ်ပြီး ကလာ့ခ်ကန့်ခ် ခေါ် စူပါမန်းလည်း ကမ္ဘာမြေပေါ်မှာအခြေချနေပါပြီ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသားတွေရဲ့ အာကာသနယ်မြေချဲ့ထွင်ရေးကနေ General Zod တို့ကို ပိတ်လှောင်ထားတဲ့ ထောင်လည်းစွမ်းအားလျော့သွားပြီး လွတ်မြောက် သွားကာ ခရစ်ပတွန်ဂြိုလ်သား စူပါမန်းကို ကလဲံ့စားချေဖို့ ကမ္ဘာမြေကို အန္တရာယ်ပြုပါတော့တယ်။ General Zod တို့ကို ထောင်ဖောက်ပြေးလာတဲ့ လက်စ်လူသာက ပူးပေါင်းကာ စူပါမန်းကို ဒူးထောက်ဖို့အကြပ်ကိုင်ပါတယ်။ အဲဒီတော့ Villain တွေကိုရှင်းလင်းပြီး ကမ္ဘာမြေကိုကယ်တင်ဖို့ စူပါမန်းအပေါ်ပဲတာဝန်ကျလာပါတော့တယ်။