Watch Scooby-Doo on Zombie Island Full Movie

စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ‌ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။ ဒီလိုနဲ့ သရဲခြောက်တဲ့နေရာတွေ ရှိတယ်လို့နာမည်ကြီးတဲ့ လူဝီဆီယာနာကို သူ့အဖွဲ့သားတွေပါ ခေါ်ပြီး ခရီးထွက်ခဲ့ပါတယ်။ လမ်းမှာနားတုန်း လီနာဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး သူအလုပ်လုပ်တဲ့အိမ်ကြီးမှာ တကယ့်သရဲတွေရှိတယ်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက် စကူဘီဒူးတို့အဖွဲ့ လိုက်သွားပါတော့တယ်။ရေကန်ကြီး တစ်ဖက်ခြမ်းက အိမ်ကြီးမှာ ဘယ်လိုအကြောင်းကြောင့် သရဲတွေရှိနေတာလဲ… နောက်ထပ် ဘယ်လိုဆန်းကြယ်မှုတွေ ရင်ဆိုင်ရဦးမလဲ… ဆိုတာ အားပေးလို့ရပါပြီ။
Scooby-Doo on Zombie Island Full Movie
Scooby-Doo on Zombie Island Full Movie