Watch Black Girl Missing Full Movie

ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွားလို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒုကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထားပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူးဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။ တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန်သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှလော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွားရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ်ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ ဒီတော့ ရှယ်ရယ်လ်နဲ့ သမီးငယ်မာလီကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖို့ ကြိုးစားရပါတော့တယ်။
Black Girl Missing Full Movie
Black Girl Missing Full Movie