
Watch Journey of Love 18+ Full Movie
18 +ဆိုလို့ လိင်ခန်းတွေပါတဲ့ကားမဟုတ်ပါဘူးနော်။၁၈နှစ်မပြည့်သေးတဲ့အတွက် အချစ်ရေးမှာဒုက္ခတွေ့ရတဲ့အကြောင်း ရိုက်ကူးထားလို့ ဇာတ်ကားနာမည်ကကို 18 +ဖြစ်နေတာပါ။ အာခီလီနဲ့ အာသီရာတို့မှာ အဆင့်အတန်းမတူတဲ့မိသားစုနှစ်ခုကနေ မွေးဖွားလာခဲ့ပေမယ့် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။ အဲ့လိုနဲ့သူတို့တွဲနေတာကို အာသီရာ့အိမ်ကလူတွေသိသွားပြီးပြဿနာဖြစ်ပါတော့တယ်။အဲ့ဒါကြောင့် အာသီရာဟာ အာခီလီနဲ့ခိုးရာလိုက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့တော့အာခီလီကို သူငယ်ချင်းတွေနဲ့ အတွေ့ကြုံရှိပြီးသားဖြစ်တဲ့ရာဂျတ်ဆိုတဲ့အကိုက အဆုံးထိကူညီပေးခဲ့ပါတယ်။သူတို့တစ်သိုက်ကောင်မလေးကိုဘယ်လိုခိုးမယ်ခိုးပြီးနောက်ပိုင်း ဘယ်ကိုထွက်ပြေးမယ် ပြဿနာတွေပေါ်လာရင် ဘယ်လိုဖြေရှင်းတယ်ဆိုတာတွေကို ပျော်ရွှင်ဖွယ်ကြည့်ရမယ့် ဟာသအရော ရိုမန့်ဇာတ်လမ်းတွဲလေးပါ။ဇာတ်အိမ်ခိုင်ပြီးပေါ့ပေါ့ပါးပါးကြည့်ရမယ့် ချစ်ခြင်းမေတ္တာမျိုးစုံကို ဖော်ကျူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့